ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပျက်စီးသွားသည့် အိမ်ထောင်စု (၁၀) စုအား ထောက်ပံ့ငွေများပေးအပ်

ကျောက်ဆည် မေ ၁၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့ မွန်းလွဲ (၂) နာရီက လေပြင်း တိုက်ခတ်မှုကြောင့် နေအိမ်ပျက်စီးသွားသည့် အိမ်ထောင်စု (၁၀) စုအား ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ့မှုဦးစီးဌာနမှ ထောက်ပံ့ငွေများ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်းသိရသည်။

ထောက်ပံ့ငွေများ ပေးအပ်ရာတွင် မေ (၁၄) ရက်နေ့က လေပြင်းတိုက်ခတ်မှုကြောင့် ကျေးရွာအုပ်စု (၄) အုပ်စု၊ ကျေးရွာ (၅) ရွာတွင် ပြိုကျပျက်စီးခဲ့သည့် နေအိမ် (၁) လုံးနှင့် အမိုးလန်ပျက်စီးသွားသည့် နေအိမ် (၉) လုံး စုစုပေါင်း နေအိမ် (၁၀) လုံး၊ အိမ်ထောင်စု (၁၀) စုမှ လူဦးရေစုစုပေါင်း (၄၄) ဦးအတွက် (၇) စာ ဆန်ရိက္ခာဖိုးငွေ (၉၂၄၀၀) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၅၀၀၀၀) ကျပ်နှင့် (၇၅၆၄၇) ကျပ်တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး စုစုပေါင်းထောက်ပံ့ငွေ (၇၁၈၀၄၇) ကျပ်အား ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ့မှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဖြူသီနှင့်တာဝန်ရှိသူများက လေဘေးသင့် ပြည်သူ များ၏ လက်ဝယ်အရောက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

သက်မောင်