လင်းခေး မေ ၁၇
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင် ဇော်အေးသည် ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ အတွင်းရေးမှူးနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ လိုက်ပါလျက် ယမန်နေ့ည ၇ နာရီကလင်းခေးမြို့သို့ရောက်ရှိ လာခဲ့ကြောင်း သ်ိရသည်။
ဆက်လက်၍ ယနေ့နံနက် ၇ နာရီ တွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ သည် လင်းခေးမမြို့၊ စစ်ဗျူဟာအဖွဲ့ (အခြေချ)(လင်းခေး)ဧည့်ရိပ် သာမှထွက်ခွာလာခဲ့ပြီး၊ လင်းခေး မြို့ကမ်းနား လမ်းရှိ နမ့်တိန်း ချောင်းကူးတံတားတည်ဆောက် မှုအခြေအနေများအား ကြည့်ရှု စစ်ဆေးခဲ့ပါသည်။ ဆက်လက်၍ လင်းခေးမြို့ မဟာမြတ်မုနိဘုရား ကျောင်းတော်သို့ရောက်ရှိလာကာ မဟာမြတ်မုနိဘုရားအားဖူးမြော် ကန်တော့ခဲ့ကြသည်။ ဆက်လက်ပြီး အဆိုပါဂေါပကအဖွဲ့ထံသို့ ဘုရားကြီးဘက်စုံပြုပြင်မွမ်းမံရန်အ တွက်အလှူတော်ငွေများ ပေးအပ်လှူဒါန်းရာ၊ ဂေါပကအဖွဲ့ မှတာဝန်ရှိ သူတို့က လက်ခံရယူခဲ့ကြပါသည်။
ဆက်လက်ပြီး လင်းခေးမြို့၊ မြို့မစျေးအတွင်းသို့ လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ ယင်းနောက် လင်းခေးမြို့ ပြည်သူ့ဆေးရုံသို့ရောက်ရှိလာခဲ့ကြပြီး၊ ဆေးရုံတွင် ဆေးကုသမှုခံ ယူလျက်ရှိကြသည့် လူနာများအား ထောက်ပံ့ငွေ များ ပေးအပ်ခဲ့ကြသည်။
ထို့နောက် ပြည်သူ့ဆေးရုံဝန်း အတွင်းရှိ သံဃာဆေးကုသဆောင် တည်ဆောက်မည့်နေရာကို လှည့်လည်ကြည့်ရှုစစ်ဆေးခြင်းနှင့် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပြီး၊ နံနက်၈နာ ရီခွဲတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် လင်းခေးမြို့မှ ပြန်လည်ထွက်ခွာသွားခဲ့ကြကြောင်း သိရသည်။
စိုင်းဇော်လတ်