ဥတ္တရခရိုင်ပြည်သူ့စာကြည့်တိုက်၌ လူငယ်နှင့်စာပေ အသိပညာပေး ဟောပြောပွဲကျင်းပ

ဥတ္တရသီရိ မေ ၁၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်၌ လူငယ်နှင့်စာပေ အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက  ကျင်းပခဲ့သည်။

ရှေးဦးစွာ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်းက လူငယ်များ ဗလငါးတန်နှင့် ပြည့်စုံစေရန် ရည်ရွယ်ပြီး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်း ရှင်းလင်း ပြောကြားပြီး စာရေးဆရာ ရဲမွန်ကျော်က လူငယ်နှင့်စာပေ  ခေါင်းစဉ်ဖြင့် လူငယ်ရေးရာ အသိပညာပေး သိကောင်းစရာများ ကိုဟောပြောခဲ့သည်။

ထိုနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်၊ စာစောင်များ၊ လူငယ်ရေးရာ အသိပညာပေး နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)