နမ့်ခမ်းမြို့နယ်၊ ကောင်းဝိုင်းကျေးရွာတွင် လေဘေးဒဏ်ခံစားရသော ပြည်သူများအား ထောက်ပံ့ပေးအပ်

နမ့်ခမ်း မေ ၁၇

သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်နစ်နာဆုံးရှုံးခဲ့သော ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ခမ်း မြို့နယ်၊ ကောင်းဝိုင်းကျေးရွာအုပ်စု၊ ကောင်းဝိုင်းကျေးရွာရှိ ဒေသခံပြည်သူများအား သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု(နမ့်ခမ်းမြို့)မှ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နံနက်(၁၀:၃၀)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နမ့်ခမ်းမြို့နယ်သည် မေလ ၁၅ ရက်နေ့က တိုက်ခတ်ခဲ့သည့် မိုခါမုန်တိုင်းကြောင့် မိုးသည်း ထန်စွာရွာသွန်းပြီး လေးပြင်းတိုက်ခတ်ခဲ့သဖြင့် ကောင်းဝိုင်းကျေးရွာရှိ ကမ္မဌာန်းကျောင်း(ဆွမ်းစားဆောင်)၊ အ.လ.က (ကောင်းဝိုင်း)ကျောင်းဆောင်တို့တွင် အမိုးလှန်ခြင်းများ၊ လူနေအိမ်(၄)လုံး တွင် အမိုးလှန်ခြင်း၊ ဘေးထရံကာများပြုတ်ထွက်ခြင်းများဖြစ်ပေါ်ခဲ့ကာ သွပ်ချပ်ရေ (၃၅၀)ချပ်ခန့်မှန်း တန်ဖိုး (၃၃၆၀၀၀၀/-) ပျက်စီးဆုံးရှုံးခဲ့ရ ပြီး လူနှင့်တိရစ္ဆာန်များ ထိခိုက်ခြင်းမရှိခဲ့ကြောင်းသိရသည်။

အဆိုပါ သဘာဝဘေးမုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် ကမ္မဌာန်းကျောင်း (ဆွမ်းစားဆောင်) အတွက် သွပ် (၅၀) ချပ်နှင့် ဆန် (၁) အိတ်ကိုလည်းကောင်း၊ အလက(ကောင်းဝိုင်း)ကျောင်းအတွက် သွပ် (၈၀) ချပ်ကိုလည်းကောင်း၊ လူနေအိမ် (၄) လုံး၏ မိသားစု (၄) စုအတွက် သွပ် (၁၃၀) ချပ်နှင့် ဆန်အိတ် (၄) အိတ်ကိုလည်းကောင်း စုစုပေါင်း သွပ်ချပ်ရေ (၂၅၀) ချပ်နှင့် ဆန်အိတ် (၅) အိတ် စုစုပေါင်းတန်ဖိုး (၁၁၇၉၀၀၀/-)ကျပ်ကို နမ့်ခမ်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းအောင်နှင့်အဖွဲ့၊ ဌာနဆိုင်ရာများနှင့် မြို့မိမြို့ဖများက ဒေသခံပြည်သူများထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

နမ့်ခမ်း(ပြန်/ဆက်)