မက်မန်း မေ ၁၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် မြို့တွင်း သောက်သုံးရေ ဖူလုံစေရန် ရည်ရွယ်၍ ယမန်နေ့ နံနက် ၁၀ နာရီက မက်မန်းမြို့နယ် အထွေထွေအုပ်ချုပ်အုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ မြို့ရေပေးဝေရေး ကော်မတီဖွဲ့စည်းခဲ့ကြောင်း သိရသည်။
“မက်မန်းမြို့သည် တောင်ကျရေနှင့် မိုးရေကိုသာ အားထားအသုံးပြုရကြောင်း၊ တောင်ကျရေကို ရေစုကန်ပြုလုပ်၍ ပိုက်အများအပြားသွယ်တန်းပြီး မြို့တွင်းသို့ စီးဆင်းစေရာတွင် ကျွဲ၊ နွားများနှင့် သဘာဝဘေး အန္တရာယ်တို့ကြောင့် ရေပိုက်လိုင်းကျိုးခြင်း၊ ပိုက်ဆက်များပြုတ်ခြင်း၊ အမှိုက်သရိုက်များ ပိတ်ဆို့ခြင်းများ အကြိမ်ကြိမ်ဖြစ်ပေါ်လျက်ရှိပြီး ရေစုကန်သည် မြို့နှင့်အလှမ်းကွာသဖြင့် သွားရောက်ပြုပြင်ရာတွင် ခက်ခဲမှုများရှိနေသည့်အတွက် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြို့မိ/မြို့ဖများ ပူးပေါင်း၍ မြို့ရေရရှိရေးနှင့် ရေဖူလုံစွာသုံးစွဲနိုင်ရေးအတွက် ရန်ပုံငွေမတည်ဆောင်ရွက်ခြင်းနှင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့်ပြည်သူများ ပူးပေါင်းဆောင်ရွက်သည့် အလေ့အထရရှိရန် ရည်ရွယ်၍ ယခုလို မြို့ရေပေးဝေရေး ကော်မတီဖွဲ့စည်းခြင်း ဖြစ်ကြောင်း” မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းလင်းအောင်ထံမှ သိရသည်။
အေးဝင်းစိုး(ခရိုင်၊ပြန်/ဆက်)