မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် အမရပူရမြို့နယ်တွင် နေအိမ်အချို့ပျက်စီးဆုံးရှုံးအပေါ် ထောက်ပံ့ငွေများပေးအပ်

အမရပူရ မေ ၁

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်အတွင်း မေလ ၁၅ ရက်နံနက်အစောပိုင်းက မိုးရွာသွန်းမှုနှင့် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်အချို့ပျက်စီးဆုံးရှုံးမှုကို ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနမှထောက်ပံ့ငွေများပေး အပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ရွှေကြက်ယက်ကျေးရွာအုပ်စု၊ မိုးကောင်းကျေးရွာတွင် ဦးလှစိုး၏ သွပ်မိုး၊ ထရံကာ လူနေအိမ်(၂)လုံး ကုက္ကိုလ်ကိုင်းပဲကျ၍ အိမ်ပေါ်ပိကာ အမိုးလန်ပျက်စီး ရွှေကြက်ယက်ကျေးရွာအုပ်စု၊ ရွှေလေးကျေးရွာတွင် ဦးမောင်ကိုကြီး၏ သွပ်မိုး၊ ထရံကာ လူနေအိမ် အမိုလန်ပျက်စီး မြစ်တူးကျေးရွာအုပ်စု၊ ကတ္တီပါကြီးကျေးရွာတွင် ဦးနီကို၏ သွပ်မိုး၊ ထရံကာ လူနေအိမ် အမိုးလန်ပျက်စီး၊ တောင်သမန် ကျေးရွာအုပ်စု၊ ထန်းတောကျေးရွာတွင် ဦးကျော်စိန်၏ သွပ်မိုး၊ ထရံကာလူနေအိမ် သစ်ပင်ပိ အမိုးပျက်စီး ပန်းချီကျေးရွာအုပ်စု၊ တောင်ရွာ လေးကျေးရွာတွင် ဒေါ်သင်းသင်း၏ သွပ်မိုး၊ ထရံကာလူနေအိမ် အမိုးလန်ပျက်စီး ပန်းချီကျေးရွာ အုပ်စု၊ ချောင်းခွကျေးရွာတွင် သွပ်မိုး၊ ထရံကာ (၂)ထပ် လူနေအိမ်အမိုးလန် ပျက်စီး မြစ်ငယ်ရပ်ကွက်၊ ဦးနေမင်းထွန်း၏ သွပ်မိုး၊ ကျောက် ပြားကာ လူနေအိမ် သစ်ပင်ပိ၍ အမိုးပျက်စီး၊ ဈေးချို ရပ်ကွက်၊ ပိန်းတန်းရပ်နေ ဦးလှစိုး၏ သွပ်မိုးထရံကာနေအိမ် ဧကရာဇ်ပင်ပိမှုကြောင့် သွပ်(၈)ချပ်နှင့် နေအိမ်တစ်ခြမ်း ပျက်စီးနှင့်တောင်သမန်ကျေးရွာအုပ်စု၊ တောင်သမန်ကျေးရွာနေ ဦးကျော်မြင့်၏ သွပ်မိုး၊ ထရံကာ၊ (၁) ထပ် လူနေအိမ် သစ်ပင်ပိ၍ ပျက်စီးမှုများဖြစ်ပေါ်ခဲ့ရာ အိမ်ထောင်စု ၉ စုလူဦးရေ ၃၇ဦးတို့အတွက်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ အိမ်တစ်စိတ်တပိုင်းပျက်စီးမှု ၉ အိမ်ထောင်စုအတွက် ၄၀၄၀၀၀ ကျပ်နှင့်လူတစ်ဦးတစ်ပတ်စာ စားနပ်ရိက္ခာ ၂၁၀၀ကျပ်နှုန်းဖြင့်၃၇ဦးစာအတွက် ၇၇၇၀၀ ကျပ်စုစုပေါင်း ၄၈၁၇၀၀ကျပ်ကို ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးမှူးဦးကျော်ဇောက အမရပူရမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ၁ ဗိုလ်မှူးကျော်တေဇထံပေးအပ်ခဲ့သည်။

အဆိုပါ ထောက်ပံ့ငွေများကို အဖွဲ့ဝင်၁ဗိုလ်မှူးကျော်တေဇမှ သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ ဆက်လက်ပေးအပ်ခဲ့ကြောင်း သိရသည်။

စိုးသီဟ(အမရ)