ကာလိ မေ ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့ ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ က Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယနေ့နံနက် (၉) နာရီ အချိန်ခန့်က ဌာနဆိုင်ရာဝန်ထမ်းအိမ်ရာများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် နွေရာသီကျောင်းပိတ်ရက်အတွင်း စာကြည့်တိုက်သို့ လာရောက်ရန် အခက်အခဲရှိသည့် ကျောင်းသား၊ကျောင်းသူ စာဖတ်ပရိသတ်များကို စာပေဖတ်ရှု့လေ့လာစေရန် ရည်ရွယ်၍ လှည့်လည်ငှားရမ်းပေးခြင်းဖြစ်ကြောင်း ငှားရမ်းထားသည့် စာအုပ်များပြန်လည်လက်ခံခြင်း၊ အသစ်ပြန်လည် ငှားရမ်းသည့် စနစ်ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကာလိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်အနေဖြင့် စာငှားသူတိုး ပွားရေး၊ စာဖတ်ရှိန်မြှင့်မားရေးအတွက် နယ်လှည့်စာကြည့်တိုက် စနစ်ဖြင့် စာအုပ်များငှားရမ်း ပေးခြင်း၊ ထိုသို့စာအုပ်များငှားရမ်းပေးရာတွင် ဝတ္ထု၊ မဂ္ဂဇင်း၊ ရုပ်ပြနှင့် အသိပညာဗဟုသုတ များစွာရရှိသည့် သုတ၊ ရသစာအုပ် စာစောင်များ အုပ်ရေ (၃၀) အုပ် ငှားရမ်းပေးခဲ့ပြီး ငှားရမ်းပေးခဲ့သော စာအုပ်များကို ရက်သတ္တနှစ်ပတ်လျှင် တစ်ကြိမ် လဲလှယ်စနစ်ဖြင့် ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထင်ထင် (ကာလိ၊ပြန်/ဆက်)