မရမ်းကုန်းမြို့နယ်အတွင်းရှိ ​ပြည်သူစုစု​​ပေါင်း (၆၅)ဦးအား ကိုဗစ်-၁၉​ရောဂါ ကာကွယ်​ဆေး ဆက်လက်ထိုးနှံ​ပေး

မရမ်းကုန်း​​မေ  ၁၇

ရန်ကုန်တိုင်း​ဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်တွင်  ကို​ဗစ်-၁၉​ရောဂါကာကွယ်​ဆေးထိုးနှံခြင်းလုပ်ငန်းကို စဥ်ဆက်မပြတ်​ဆောင်ရွက်​ပေးလျက်ရှိရာ ယမန်​နေ့နံနက်ပိုင်းက  မြို့နယ်ကျန်းမာ​ရေးဦးစီးဌာန၌ အမျိုးသား(၃၀) ဦး၊ အမျိုးသမီး(၃၅)ဦး စုစု​ပေါင်းပြည်သူ (၆၅)ဦးအား ကိုဗစ်-၁၉ ​ရောဂါ ကာကွယ်ဆေး ထိုးနှံ​ပေးခဲ့​သည်။

ထိုသို့ကာကွယ်ဆေးထိုးနှံရာတွင် ဆေးထိုးလာပြည်သူများအား   ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းနှင့်  ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီးမှသာ ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့များနှင့် စေတနာ့ဝန်ထမ်းများမှ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အေး​အေး​အောင်(ပြန်/ ဆက်)