ခရမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre )ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ခရမ်း မေ ၁၆

ရန်ကုန်တိုင်း‌ဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက စာပေချစ်မြတ်နိုးသူများနှင့် စာဖတ်ဝိုင်းအား ကျင်းပခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်းတွင် ခရမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်း‌ဝေက ပြည်သူများအနေဖြင့် အားလပ်သောအချိန်များတွင် စာအုပ်စာပေများ လေ့လာဖတ်ရှုတတ်သော အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာအုပ်စာပေများ ဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများ တိုးပွားလာပြီး အမှား/အမှန် ဝေဖန်ပိုင်းခြားနိုင်စေရေးအတွက် စာဖတ်ဝိုင်းများအား စဉ်ဆက်မပြတ် ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် Book Club အဖွဲ့ဝင်များက စာရေးဆရာ ရွှေဥဒေါင်းရေးသားသည့် “အကြံဉာဏ်ဖြင့် ကြီးပွားရေး”စာအုပ်မှ ခေတ်ကြီးနှင့်အမှီ လိုက်နေသော လူငယ်လူရွယ်များသည် အောင်မြင်ခြင်း၏အခြေခံဖြစ်သောတရား၊ ယုံကြည်ခြင်း၊ အဖန်ဖန်တလဲလဲပွားများခြင်း၊ ပညာရပ်တစ်ခုကောင်းတက်မြောက်ခြင်း၊ စိတ်ကူးဉာဏ်နှင့်ကွတ်စိတ်ရိုက်၍ အကြံထုတ်ခြင်း၊ ဆုံးဖြတ်ခြင်း၊ ဇွဲကောင်းခြင်း၊ ဗိုလ်တစ်စု၏တန်ခိုးအင်အား စုစည်းပုံနှင့် လိင်စိတ်ဓာတ်ကို အသုံးချ၍ ကြီးပွားတိုးတက်စေရန် စသည့် စာအုပ်ပါအကြောင်းအရာများကို စာပေချစ်သူများက အပြန်အလှန်ဆွေးနွေးခဲ့ကြခြင်းဖြင့် အကြံကောင်း၊ ဉာဏ်ကောင်းဖြင့် မိမိကိုယ်ကိုသာမက မိမိပတ်ဝန်းကျင်၊ မိမိနိုင်ငံ၊ မိမိတို့ကမ္ဘာကို လှပဝေဆာအောင် ပြုပြင်တတ်သူများ လုပ်အား တန်ဘိုးချစ်မြတ်နိုးသူများ၊ အလုပ်လုပ်ရင်းဖြင့် အကြံဉာဏ်ကောင်းများဖြင့် ကြီးပွား တိုးတက် အောင်မြင်ဖြစ်ထွန်းလာနိုင်မည်ဖြစ်ကြောင်း သိရသည်။

ကိုမင်း (ခရမ်း )