ပင်လုံမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ ငှားရမ်းခြင်းဆောင်ရွက်

ပင်လုံ မေ ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက Mobile  Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းခြင်းကို ပုံမှန်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၁၀:၃၀)နာရီအချိန်က ပင်လုံမြို့ မိခင်နှင့်ကလေးကျန်းမာရေးဌာနသို့ သွားရောက်ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါ ဆောင်ရွက်ခြင်းတွင် သုတ/ရသ စာအုပ်များ၊ မဂ္ဂဇင်း၊ ဝတ္ထုစာအုပ်များအား စာဖတ်ပရိတ်သတ်များထံ လက်ဝယ်အရောက် ငှားရမ်းပေးခဲ့ကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်ရခြင်းမှာ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာကြည့်တိုက်သို့ ကိုယ်တိုင်မလာရောက်နိုင်သည့် စာဖတ်ပရိတ်သတ်များ စာအုပ်စာစောင်များ ဖတ်ရှုနိုင်စေရန်ရည်ရွယ်၍ သွားရောက် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)