သံဖြူဇရပ်မြို့နယ် လူထုအ​ခြေပြုဗဟိုဌာန(Community Center)ခန်းမ၌ ကမ္ဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ

သံဖြူဇရပ် မေ ၁၆

ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက်(၁၁)အချိန်က မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ် ပြန်ကြာရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန( Community Centre)ခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်အေးအေးသီက ကမ္ဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ဟောပြောပွဲ ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီးဆက်လက်၍ ကမ္ဘာပေါ်ရှိလူသားများ အပါအဝင်သက်ရှိသတ္တဝါအားလုံးနှင့် အနာဂတ်မျိုးဆက်သစ်များ  ကျန်းမာပျော်ရွှင်စွာရှင်သန်နိုင်ရေးအတွက် သာယာလှပသော၊ သန့်ရှင်းသော၊ ကောင်းမွန်သောအဖိုးထိုက်တန်သော ကမ္ဘာမြေကြီးကို သဘာဝနှင့်ဟန်ချက်ညီစွာနေထိုင်ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများကို လုပ်ဆောင်ကြရန် လိုအပ်ကြောင်းပြောကြားသည်။

ထို့နောက် ပြသထားသည့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအကြောင်းအရာပါ နံရံကပ်စာစောင်တွင် အပင်များကိုသဘာဝနည်းဖြင့်ပြုစု ပျိုးထောင်နည်း၊ မြေကြီးထဲတွင် ကျေပျက်လွယ်သည့် ပစ္စည်းများကို သုံးစွဲခြင်း၊ သစ်ပင်များကို ထိန်းသိမ်းစောင့်ရှောက်ခြင်းစသည့် အကြောင်းအရာပါ ပန်းချီကာတွန်းပိုစတာနံရံကပ်စာစောင်များကို ဟောပြောပွဲသို့တက်ရောက်လာသည့် လူငယ်များမှ စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)