နမ့်ဆန် မေ ၁၆
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက်( ၁၀)နာရီအချိန်က သဘာဝဘေးအန္တရာယ်ဆိုးများ အသိပညာပေး Talk Show ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းဆိုင်လီခမ်းက မြေပြိုဘေး၊ မီးဘေး၊ ငလျှင်ဘေး၊ မုန်တိုင်းဘေး၊ မိုးကြိုးဘေး၊ ရေဘေး၊ မိုးခေါင် ရေရှားဘေး၊ လေပြင်းဘေး၊ ဆူနာမီဘေး၊ မီးဘေး စသည့်ဘေး(၉)မျိုး အကြောင်းအရာများကို ရှင်းလင်းပြောကြားကာ၊ မိမိဒေသတွင် ဖြစ်ပေါ်တက်သော မြေပြိုဘေး၊ မီးဘေး၊ ငလျှင်ဘေးကြောင့် ဖြစ်ပေါ်နိုင်သည့် ကာလာမုန်တိုင်းအရောင်သတ်မှတ်ခြင်း၊ သဘာဝဘေးအန္တရာယ် မကျရောက်မီ၊ ကျရောက်ဆဲ၊ ကျရောက်ပြီးပါက ကြိုတင်ပြင်ဆင်ရမည့် အချက်များနှင့် ဆောင်ရန်ရှောင်ရန်အချက်များစသည့် သဘာဝဘေးအန္တရာယ်ဆိုးနှင့် သက်ဆိုင်သည့် အကြောင်းအရာများအား အကျယ်တစ်ဝင့် ဆွေးနွေးခဲ့ပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းထားထားလှိုင်က သဘာဝဘေးအန္တရာယ်ဆိုးများ ဖြစ်ပေါ်လာပါက ကြိုတင်ကာကွယ်ရမည့် အချက်များနှင့် ဆောင်ရန်ရှောင်ရန်များကို အကျယ်တစ်ဝင့်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နမ့်ဆန်ဒေသအဆင့်ရုံးအနေဖြင့် အများပြည်သူများ အသိပညာ၊ ဗဟုသုတများရရှိစေရန် အသိပညာပေး Talk Show အပါအဝင် အသိပညာဗဟုသုတ ရရှိစေမည့် ပုံပြော၊ ကဗျာရွတ်၊ စက္ကူခေါက်၊ စာအုပ်မိတ်ဆက်နှင့် အခြားအသိပညာပေး အစီအစဉ်များကိုလည်း ရိုက်ကူး၊ ထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရသည်။
နမ့်ဆန်ဒသ(ပြန်/ဆက်)