ပင်လုံမြို့၊ မွေတော်ကျောင်းဝန်းအတွင်းရှိ ဓမ္မာရုံ၌ ရှမ်းပြည်နယ်လုံးဆိုင်ရာ ရှမ်းဘာသာပိဋိကတ် သံဃာညှိနှိုင်းအစည်းအဝေးကျင်းပ

ပင်လုံ မေ ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လုံမြို့ မွေတော်ကျောင်းဝန်းအတွင်းရှိ ဓမ္မာရုံ၌ ရှမ်းဘာသာ ပိဋိကတ် ကျမ်းစာတရားတော်များအား ဝိနည်းသုတ္တန် အဘိဓမ္မာကျမ်းစာများအား ပြန်လည် ပြုပြင်ခြင်းဆိုင်ရာ သံဃာညှိနှိုင်းအစည်းအဝေးအား (၁၅.၅.၂၀၂၃) ရက်နေ့မှ (၁၇.၅.၂၀၂၃) ရက်နေ့အထိ မဟာနာယက၊ ဥက္ကဋ္ဌ၊ ဆရာတော်ကြီးများဖြစ်ကြသော ဘဒ္ဒန္တအဂ္ဂသေန မဟာနာယကဆရာတော်၊ အောင်မင်္ဂလာကျောင်းတိုက် ကွန်ဟိန်းမြို့၊ ဘဒ္ဒန္တနန္ဒသီရိ အနုနာယကဆရာတော်၊ တာပုံကျောင်းတိုက်၊လားရှိုးမြို့၊ ဘဒ္ဒဒေါက်တာ ပညာနန္ဒ ဥက္ကဋ္ဌ(၁)၊ ဓါတ်တော်ကျောင်းတိုက်၊ လွိုင်လင်မြို့၊ ဘဒ္ဒန္တ ဝါယာမ ဥက္ကဋ္ဌ(၂) ၊ပိဋကတ်ကျောင်းတိုက်၊ တောင်ကြီးမြို့နှင့် ဘဒ္ဒန္တအာလောက ဥက္ကဋ္ဌ(၃)၊ သုခိတာရုံကျောင်းတိုက်၊ နမ့်စန်မြို့ တို့မှ ဆရာတော်များမှကြီးမှူး၍ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ သံဃာညှိနှိုင်းအစည်းအဝေးကို နေ့စဉ် နေ့လည်( ၁ )နာရီ မှ ညနေ (၅) နာရီ အထိ ကျင်းပသွားမည်ဖြစ်ရာ ယနေ့  သံဃာညှိနှိုင်းအစည်းအဝေးအခမ်းအနားအား ရှမ်းပြည်နယ် အတွင်းရှိ ရှမ်းဘာသာပိဋိကတ်ကျမ်းစာပို့ချသည့် ကျောင်းတိုက်များမှ စာချဆရာတော်/ သံဃာတော် အပါး(၄၀၀)ခန့်ဖြင့် ကျင်းပ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)