မဟာအောင်မြေ မေ ၁၆
မဟာအောင်မြေမြို့နယ် ကလေးစာဖတ်ခန်း၌ ယနေ့နံနက် (၁၀)နာရီအချိန်က ကဗျာရွတ်ပြိုင်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲတွင် မဟာအောင်မြေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုဘိုဟန်က ကလေးသူငယ် ကျောင်းသား/ ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ စာပေနဲအမြဲထိတွေမှုရှိစေရန်၊ ဉာဏ်ရည် ဉာဏ်သွေး သွက်လက်ထက်မြက် စေရန်၊ အများသူငှာရှေ့တွင်ရဲဝင့်စွာ ပြောတတ်၊ ဆိုတတ်၊ဝင်/ထွက်သွားလာတတ်စေရန်၊ စာပေဖတ်ရှုလေ့လာရာတွင်လည်း ပိုမိုစိတ်ဝင်စားမှုရှိစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ပြိုင်ပွဲ ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး ကဗျာရွတ်ပြိုင်ပွဲကျင်းပရာ ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများကို စာကြည့် တိုက်မှူးဒေါ်သရဖီဖြိုးက အမှတ်တရလက်ဆောင်များပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အောင်ဇော်မင်း