နမ့်ဆန်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပုံပြင်ပြောပြိုင်ပွဲ ကျင်းပ

နမ့်ဆန် မေ ၁၅

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ယနေ့နံနက် (၁၀)နာရီအချိန်က ပုံပြင်ပြောပြိုင်ပွဲကျင်းပခဲ့ကြောင်း သိရသည်။

ထို့နောက် ပုံပြင်ပြောပြိုင်ပွဲကို နမ့်ဆန်မြို့နယ်ရှိ၊ အခြေခံပညာအထက်တန်းကျောင်းနှင့်၊ အလယ်တန်းကျောင်း၊ မူလတန်းကျောင်းများမှ ကျောင်းသား/သူ အသီးသီး ဝင်ရောက်ယှဉ်ပြိုင်ကြရာ၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း(အ.ထ.က-၁)မှ Grade-7 ကျောင်းသူ မရတနာမိုးမှ စာရေးဆရာမ ဒေါ်သီတာဦးရေးသားထားသော “ခြေလှမ်းမှားသောသမင်”နှင့် “မိတ်ဆွေသုံးဦး” ခေါင်းစဉ်ဖြင့်လည်ကောင်း၊ အမှတ်(၁) အခြေခံပညာအလယ်တန်း ကျောင်းခွဲ (အ.လ.က-၁)မှ ကျောင်းသူ မမြတ်သီရိနွယ်မှ “ပုရွတ်ဆိတ်နှင့်ကြက်သူရွေး” ခေါင်းစဉ်ဖြင့်လည်ကောင်း၊ အခြေခံပညာမူလတန်းကျောင်း ဇယန်းမူလွန်ကျောင်းမှ ကျောင်းသူ မရတီနွယ်မှ “အဖိုးအိုနှင့်သားသုံးယောက်” ခေါင်းစဉ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ၊ ဝင်ရောက်ယှဉ်ပြိုင်ကြသော ကျောင်းသူများအား အမှတ်တရလက်ဆောင်များပေးအပ်ခဲ့ကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နမ့်ဆန်-ဒေသအဆင့်ရုံးအနေဖြင့် အသိပညာပေး Talk Show အပါအဝင်ပြည်သူများ အသိပညာဗဟုသုတရရှိစေမည့် ပုံပြော၊ ကဗျာရွတ်၊ စက္ကူခေါက်၊ စာအုပ်မိတ်ဆက်နှင့် အခြားအသိပညာပေးအစီအစဉ်များကိုလည်း ရိုက်ကူးထုတ် လွှင့်ပေးလျက်ရှိပါကြောင်း သိရပါသည်။

နမ့်ဆန်ဒေသ(ပြန်/ဆက်)