ညောင်ရွှေ မေ ၁၆
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဌာနဆိုင်ရာများ၏ လုပ်ငန်းကဏ္ဍအလိုက် ဒေသန္တရစီမံကိန်းနှင့် ရင်းနှီးမြှုပ်နှံမှုစီမံကိန်း ရည်မှန်းချက် တာဝန်ပေးအပ်ပွဲကို ယမန်နေ့ နံနက်(၉)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမ၌ ပြုလုပ်ခဲသည်။
အခမ်းအနားတွင် မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာလင်းက အမှာစကားပြောကြားပြီး သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းများ၏ စီမံကိန်းရည်မှန်းချက် တာဝန်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ပေးအပ်ရာ ဌာနဆိုင်ရာအကြီးအကဲများ က အသီးသီးလက်ခံရယူ ခဲ့ကြသည်။
ထို့နောက် မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇင်မာတင်ထွန်းက ဒေသန္တရစီမံကိန်းနှင့် ရင်းနှီးမြှုပ်နှံမှုစီမံကိန်း ရည်မှန်းချက် တာဝန် ပေးအပ်ခြင်းနှင့် စပ်လျဉ်း၍ အသေးစိတ်ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။
စိုင်းအယ်ဘဲ