ကုန်စည်စီးဆင်းမှုလျှင်မြန်စေရေး ဟံမြင့်မိုရ်-မင်းစုလမ်းပိုင်းတွင် လမ်းအနိမ့်အမြင့်မညီသည့် လမ်းပိုင်း နေရာအား ဖြေညှိပြီးကတ္တရာရေပိတ်လွှာလောင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်

ကျောက်ဆည် မေ ၁၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်လမ်းဦးစီးဌာနမှ ကုန်စည်စီးဆင်းမှု မြန်ဆန်စေရေး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ဟံမြင့်မိုရ်-မင်းစုလမ်းပိုင်းတွင် လမ်းအနိမ့်အမြင့်မညီသည့် လမ်းပိုင်းနေရာအားဖြေညှိပြီး ကတ္တရာရေပိတ်လွှာလောင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ 

အဆိုပါလမ်းပိုင်းသည် ဟံမြင့်မိုရ်-မင်းစုလမ်း၏ (၃.၅၅)ကီလိုမီတာနှင့် (၃.၉၅)ကီလိုမီတာအတွင်း လမ်းအရှည် (၀.၄)ကီလိုမီတာ၊ အကျယ်(၃.၆၆)ကီလိုမီတာ လမ်းပိုင်းဖြစ်ကြောင်းနှင့် လုပ်ငန်းများကို မန္တလေးတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေ (ငွေလုံးငွေရင်း) ကျပ်(၁၇.၆၀၀)သန်းအကုန်အကျခံ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

ဟံမြင့်မိုရ်-မင်းစုလမ်းသည် ရန်ကုန်-မန္တလေးကားလမ်းမကြီးနှင့်ဆက်သွယ်ထားသော လမ်းတစ်လမ်း ဖြစ်ပြီး လမ်းအနိမ့်အမြင့် ဖြေညှိခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက ဟံမြင့်မိုရ်-မင်းစုလမ်းအား အသုံးပြုနေသည့် ပြည်သူများအတွက် ကုန်ပစ္စည်းများသယ်ယူရာတွင် အချိန်နှင့်တစ်ပြေးညီ ကုန်ကျမှုစရိတ် သက်သာစွာဖြင့် သယ်ယူနိုင်မည်ဖြစ်ပြီး လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး ကဏ္ဍများပိုမိုဖွံ့ဖြိုး တိုးတက် လာမည်ဖြစ်ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)