အုတ်တွင်းမြို့နယ်၌ သဘာဝဘေးလေပြင်းဒဏ်ကြောင့် သစ်ပင်လဲ၍ဓာတ်အားလိုင်းများပြတ်တောက်ကာ နေအိမ်ခြံစည်းရိုးပျက်စီး

အုတ်တွင်း မေ ၁၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့ ကသစ်တန်းရပ်ကွက် ပိတောက်လမ်း၌ ယမန်နေ့မွန်းလွဲ ၁ နာရီက သဘာဝဘေးလေပြင်းဒဏ်ကြောင့် ဗာဒံပင်လဲကျ၍ ဓာတ်အားလိုင်းပေါ်ကျကာ ဓာတ်အားပြတ်တောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဗာဒံသစ်ပင်(လုံးပတ်နှစ်ပေခန့်)လဲကျမှုကြောင့် ဓာတ်အားလိုင်းပေါ်ကျ၍ ဓာတ်အားများ ပြတ်တောက်ကာလူနေအိမ်အတွင်းမှ ကွန်ကရစ်တိုင်နှင့် သံဆန်ခါစည်းရိုးများပြိုကျပျက်စီးခဲ့သည်။

ပျက်စီးဆုံးရှုံးမှုတန်ဖိုး ငွေကျပ် ၇၀၀၀၀ /-ခန့်ဆုံးရှုံးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့၀င်များ၊ မြို့နယ်ရဲမှူးနှင့်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ၊ မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရင်ခုန်သံရှင်ရေးကူညီမှုအသင်းနှင့်အတူ ဓာတ်အားလိုင်းပြတ်တောက်မှုအပေါ် လျှပ်စစ်မီးပြန်လည်ရရှိရေးနှင့်လမ်းပိတ်ဆို့မှုမဖြစ်ပေါ်စေရေးပြုပြင်​ရှင်းလင်းဆောင်ရွက်လျက်ရှိပါ​ကြောင်းနှင့် လူနှင့်တိရစ္ဆာန် ထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။

အေမင်းရည်စော(ပြန်/ဆက်)