မာန်အောင်မြို့နယ်တွင် အင်အားပြင်းဆိုင်ကလုန်းမုန်တိုင်း မိုခါတိုက်ခတ်မှုကြောင့် လူနေအိမ်နှင့် အဆောက်အဦအချို့ ထိခိုက်ပျက်စီးဆုံးရှုံး

မာန်အောင်   မေ ၁၆

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်အတွင်း မေလ ၁၄ ရက်နေ့ နံနက်ပိုင်းက  အင်အားပြင်းဆိုင်ကလုန်းမုန်တိုင်း မိုခါသည်အရှေ့တောင်အရပ်မှ () နာရီလျှင် လေတိုက်နှုန်းမိုင်(၆၀)နှုန်းဖြင့် တိုက်ခတ်ခဲ့ကာ မိုးရေချိန်လက်မ ၀၆လက်မရွာသွန်းခဲ့ကြောင်း မာန်အောင်မြို့နယ် မိုးလေဝသစခန်းမှ နံနက် ၈ နာရီခွဲ မြေပြင်မိုးလေဝသတိုင်းတာချက်အရ သိရသည်။

အဆိုပါမုန်တိုင်းတိုက်ခတ်မှုကြောင့် မာန်အောင်မြို့နယ်အတွင်းရှိ လူနေအိမ်(၁၃၄)လုံး၊ ဘုန်းကြီးကျောင်း(၂၃)ကျောင်း၊ ဓမ္မာရုံ()ရုံ၊ စာသင်ကျောင်း(၃၀)ကျောင်း၊ ဌာနဆိုင်ရာအဆောက်အဦ( )လုံး၊ ကျေးလက်ဆေးပေးခန်း()ခန်း၊ ဇရပ်()ဆောင် စသည်တို့တွင် အမိုးလန်ခြင်း၊ ပြိုကျခြင်း၊ အိမ်အပေါ်သစ်ပင်လဲကျ ပျက်စီးခြင်းများဖြစ်ပြီး ကွန်ဂရက်မီးတိုင် () တိုင်မှာ ကျိုးကျပျက်စီးခဲ့ပြီး မုန်တိုင်းဒဏ်ကြောင့် နွားတစ်ကောင်သေဆုံးပြီး လူများထိခိုက်မှုမရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စာရင်းအရ သိရသည်။

သိန်းဖေ(ပြန်/ဆက်)