ရွှေပြည်သာမြို့နယ်၌ လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်များပြိုလဲခြင်းများ အချိန်နှင့်တစ်ပြေးညီ ရှင်းလင်းဆောင်ရွက်

 ရွှေပြည်သာ မေ ၁၅

ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်တွင် ယမန်နေ့ညပိုင်းတွင် မိုးရွာသွန်း၍ လေပြင်းများတိုက်ခတ်ခဲ့သောကြောင့် သစ်ပင်များပြိုလဲခဲ့ကြောင်း သိရသည်။

သစ်ပင်များပြိုလဲခြင်းများဖြစ်ပေါ်ခဲ့သော အမှတ်(၈)ရပ်ကွက် သမိန်ဗရမ်းပန်းခြံ အိမ်အမှတ် (၆၇၀) ဦးမြင့်ဇော်၏ နေအိမ်ခြံစည်းပေါ်သို့ ပတောက်ပင်‌ အောက်ခြေအမြစ်ကလန်ပြီး လဲကျနေမှုအား မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး မျိုးညွှန်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးသွင်ယုနိုင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ရေးမှူးနှင့် ရာအိမ်မှူး/ဆယ်အိမ်းမှူးများက ရှင်းလင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အလားတူအမှတ်(၁၄)ရပ်ကွက် အောင်ချမ်းသာလမ်းမပေါ်တွင် လုံးပတ်(၄)ပေအမြင့်ပေ(၃၀)ရှိ ကုက္ကိုပင်လဲကျရာ အနီးရှိလျှပ်စစ်ကြိုးများ သွယ်တန်းထားသည့် ကွန်ကရစ်ဓာတ်တိုင်ပေါ်သို့ လဲကျနေသဖြင့် မီးသတ်ဦးစီးအရာရှိ ဦးသွင်ယုနိုင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ လှော်ကားနယ်မြေစခန်းမှ ရဲအုပ်သူရကျော်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး/ဆယ်အိမ်မှူးများက ရှင်းလင်းဆောင်ရွက်ခံ့ပြီး သစ်ပင်ပြိုလဲ၍ ကွန်ကရစ်ဓာတ်တိုင် ကျိုးကျပျက်ပျက်စီးမှုကြောင့် ဆုံရှုံးမှုတန်ဖိုး (၁၈၂၅၀၀) ကျပ်ခန့် ဆုံးရှုံးခဲ့ပြီး လူနှင့်တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း သိရသည်။

နေမျိုးထွန်း