မန့်ဟီးရိုးမြို့တွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ညှိုနှိုင်းအစည်းအဝေး ကျင်းပ

မန့်ဟီးရိုး မေ ၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ကြေညာချက်အရ သဘာဝဘေးမုန်တိုင်းအန္တရာယ်ကို ကြိုတင်ကာကွယ်ရန်နှင့် ကြိုတင် ပြင်ဆင်ဆောင်ရွက်ထားရှိရမည်တို့ကို မန့်ဟီးရိုးမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးညှိနှိုင်းအစည်းအဝေး ကျင်းပ ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါ ညှိနှိုင်းအစည်းအဝေးတွင် မန့်ဟီးမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်အောင်က နွေရာသီအကုန် မိုးရာသီအကူးအပြောင်းကာလဖြစ်၍ သဘာဝဘေးအန္တရာယ်ကို မပေါ့ဆသင့်ကြောင်း၊ ကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်များနှင့် ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများ ညှိနှိုင်းဆောင်ရွက်ပြီး‌ ပေါင်းစပ်လုပ်ဆောင်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသော မန့်ဟီးရိုးမြို့ မီးသတ်တပ်ဖွဲ့များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လုံခြုံရေးနှင့်ကာကွယ်ရေးအဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဒေသခံရပ်မိရပ်ဖများနှင့် ဌာနဆိုင်ရာ တာဝန်ရှိကြသူများက သဘာဝဘေးမုန်တိုင်းအန္တရာယ်နှင့်ပတ်သက်၍ အရေးပေါ်ဆေးဝါးများ၊ ကူညီကယ်ဆယ်ရေးပစ္စည်းများ၊ ကြိုတင်ကာကွယ်ရေးနှင့် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိရမည်တို့ကို ကျယ်ကျယ်ပြန့်ပြန့် ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

ဆက်ပိုင်(ပြန်/ဆက်)