ကျိုင်းလပ်မြို့၌ Mobile Library စနစ်ဖြင့် စာအုပ်စာ‌စောင်များ ငှားရမ်း‌ပေးခြင်း ဆောင်ရွက်

ကျိုင်းလပ် မေ ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းနှင့် စာအုပ်များ အသစ်လဲလှယ်‌ပေးခြင်းကို ယနေ့နံနက် ၁၁ နာရီအချိန်က ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကျိုင်းလပ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာကြည့်တိုက်သို့ စာအုပ်များ လာရောက် ငှားရမ်းရန် အခက်အခဲရှိနေသည့် စာဖတ်ပရိသတ်များအတွက် စာပေဖတ်ရှုမှု အဆင်ပြေစေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်၍ သုတ၊ ရသစာအုပ်များကို မြို့မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများထံ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်း‌ပေးခြင်းနှင့် အသစ်လဲလှယ်ပေးခြင်းတို့ကို‌ ဆောင်ရွက်ပေးခဲ့‌ကြောင်း သိရသည်။

ထို့နောက် မြို့အတွင်းရှိ ဌာနဆိုင်ရာရုံးများမှ ဝန်ထမ်းများ၊ မြို့ပေါ်ရှိ ရပ်ကွက်နေ‌ တိုင်းရင်းသားပြည်သူများအား စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းနှင့် အသစ်လဲလှယ်ပေးခြင်းတို့ကို အပတ်စဉ် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မေဇင်ဦး (ပြန်/ဆက်)