ကျိုက်ထို မေ ၁၅
ကျိုက်ထိုမြို့နယ်အတွင်း မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ယနေ့နံနက်(၁၀)နာရီအချိန်ခန့်၌ ကျိုက်ထိုမြို့နယ်၊ မလော့ချောင်ကျေးရွာအုပ်စု၊ ကျိုက္ကသာကျေးရွာစု၊ ခလွန်ကျေးရွာအုပ်စု၊ စွပ္ပနူးကျေးရွာအုပ်စုများသို့ သွယ်တန်းထားသော ကိုယ်ထူကိုယ်ထ 11 KV ဓါတ်အားလိုင်း လျှပ်စစ်မီးတိုင်များအနက် မုက္ခမူကျေးရွာအုပ်စုနှင့် မလော့ချောင်ကျေးရွာအုပ်စုအကြားရှိ လျှပ်စစ်မီးတိုင်(၁၂)တိုင်မှာ တိုင်အရင်းနှင့်တိုင်အလယ်များမှ ပြတ်ထွက်ကာလဲကျခဲ့ပြီး ကာလတန်ဖိုး(၁)တိုင်လျှင် (၂)သိန်းကျပ်ဖြင့် စုစုပေါင်းတန်ဖိုး(၂၄)သိန်းကျပ် ပျက်စီးဆုံးရှုံးခဲ့ကြောင်းနှင့် လျှပ်စစ်မီးကြိုးများ ပျက်စီးဆုံးရှုံးမှုမရှိကြောင်း သိရသည်။
အဆိုပါ ထိခိုက်ပျက်စီးသွားသည့် လျှပ်စစ်မီးတိုင်များ အမြန်ပြန်လည်ပြင်ဆင်နိုင်ရန်အတွက် မွန်းလွဲ(၂)နာရီအချိန် မြို့နယ်ထွေ/အုပ်ရုံးတွင် မြိုနယ်စီမံအဖွဲ့၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ၊ သက်ဆိုင်ရာကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ကျေးရွာအုပ်စုမီးလင်းရေးကော်မတီများနှင့်ညှိနှိုင်း၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် လူ/တိရိစ္ဆာန် ထိခိုက်ပျက်စီးမှုများ မရှိကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်