မူဆယ် မေ ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက်အတွင်းရှိ ပိတောက်လမ်းနှင့် ပြည်ထောင်စုလမ်းမကြီးလမ်းဆုံရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ နံရံကပ်မြေစိုက်ဘုတ်တွင် ယမန်နေ့ ညနေ(၄း၃၀)အချိန်က သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ ကြိုတင်သတိပေးနှိုးဆော်စာများနှင့် သဘာဝမုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်များကို ပြသဆောင်ရွက်ခဲ့သည်။
အဆိုပါ မြေစိုက်နံရံပြဘုတ်တွင် သဘာဝဘေးကို ကြိုတင်ကာကွယ်ရမည့်နည်းလမ်းများ၊ ဖြစ်လာပါက မဖြစ်မနေ ပြုလုပ်ရမည့် အချက်များ၊ ရေဘေး၊ မီးဘေး၊ လေဘေး၊ ငလျင်ဘေးကြောင့် ဖြစ်ပေါ်မှုကို ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများနှင့် သဘာဝဘေးနှင့်ပက်သက်၍ ကာကွယ်နိုင်မည့် နည်းလမ်းများကို မူဆယ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုံးဝန်ထမ်းများက ပြသဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
ဇင်မောင်(ပြန်/ဆက်)