ကာမိုင်းမြို့၌ မုန်တိုင်းအန္တရာယ် အသိပေးနှိုးဆော်ခြင်းဆောင်ရွက်

ကာမိုင်း မေ ၁၅

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့၌ မုန်တိုင်းအန္တရာယ် အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ ညနေ(၄)နာရီခန့်က ဌာနဆိုင်ရာများ ပူး‌ပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ မုန်တိုင်းအန္တရာယ်နှိုးဆော်ရာတွင် ကာမိုင်းမြို့ပေါ်ရှိ ရပ်ကွက်၊ ကျေးရွာအတွင်း နေထိုင်ကြ‌သော မိဘပြည်သူများအနေဖြင့် အလွန့် အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (မိုခါ)သည်ယခုအချိန်တွင် ရခိုင်ပြည်နယ်သို့ စတင်ဝင်ရောက်တိုက်ခတ်လျက်ရှိပြီး မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု၏ ခန့်မှန်းချက်အရ ကချင်ပြည်နယ်အထိ လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ မြေပြိုခြင်း၊ လျှပ်စစ်အန္တရာယ်ဖြစ်ပေါ်နိုင်ခြင်း၊ ရေကြီးရေလျှံဖြစ်ပေါ်နိုင်ခြင်း စသည့် နှိုးဆော်ခြင်းကို မြို့ပေါ်ရပ်ကွက်ရှိ လူစည်ကားရာနေရာများ၊ နန့်စီးအင်းကျေးရွာအုပ်စု ထွယ်ဆန်ယန် ရပ်ကွက်၊ ကောင်ရာကျေးရွာများသို့ သွားရောက်လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။

လဆိုင်း(ပြန်/ဆက်)