လေပြင်းတိုက်ခတ်မှုကြောင့် သာစည်မြို့အမှတ်(၁)ရပ်ကွက်၌ လမ်းမပေါ်သို့ထနောင်းပင်လဲကျ

သာစည် မေ ၁၅

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် ယမန်နေ့ ည ၁၁ နာရီခွဲခန့်က လေပြင်းတိုက်ခတ်မှုကြောင့် သာစည်မြို့ အမှတ်(၁)ရပ်ကွက်    သာယာအေးရပ် ရုံးပေါင်းစုံလမ်းနှင့် ၄၂ လမ်းထောင့်ရှိ လုံးပတ်  ၆ ပေခန့်ရှိ ထနောင်းပင် လမ်းမပေါ်သို့ လဲကျခဲ့ကြောင်းသိရသည်။

အဆိုပါနေရာသို့ မေ ၁၅ ရက် နံနက် ၆ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးထွန်းထွန်းဝင်း၊ သန္ဓေနှင့်အရန် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ  စုပေါင်းရှင်းလင်းဆောင်ရွက်ခဲ့ရာ  နံနက် ၇ နာရီတွင် ပြီးစီးခဲ့ကြောင်း သိရပြီး သစ်ပင်လဲကျမှုကြောင့်လူနှင့်တိရစ္ဆာန်ထိခိုက်မှုမရှိကြောင်းသိရသည်။

မြို့နယ်ပြန်/ဆက်