ကျောက်ဆည် မေ ၁၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်ကျေးလက်လမ်းလမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ကျောက်ဆည်- တံစိုး- မင်းစု- စပါယ်တောလမ်းနှင့် ဆက်သွယ်ထားသည့် ရွှေအင်း-ရှင်ငယ်ကျ-မြစ်သားမြို့နယ်စပ်လမ်းအား ပြန်လည်ပြုပြင်ပေးရန် ကွင်းဆင်းတိုင်းတာခြင်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါလမ်းပိုင်းသည် ကျောက်ဆည်၊ တံစိုး၊ မင်းစု၊ စပါယ်တော၊ ရွှေအင်း၊ ရှင်ငယ်ကျ၊ မြစ်သား မြို့ချင်း ဆက်လမ်းပိုင်းတွင်ပါဝင်ပြီး လမ်းပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများကို မန္တလေးတိုင်းဒေသကြီး (ငွေလုံးငွေရင်း) ခွင့်ပြုရန်ပုံငွေ (၈၁.၆၆၅)ကျပ်သန်းဖြင့် အရှည်(၀.၈၀၅ ကီလိုမီတာ)၊ အကျယ်(၄.၈၈ မီတာ)၊ ထု(၂၅၅မီလီမီတာ)အား ကျောက်ချောလမ်းအဖြစ် ပြန်လည်ခင်းပေးသွားမည်ဖြစ်ကြောင်း လမ်းပြုပြင်ခြင်း လုပ်ငန်းများပြီးစီးသွားပါက ရွှေအင်းကျေးရွာနှင့်ရှင်ငယ်ကျေးရွာများမ အိမ်ခြေ(၂၅၂) အိမ်၊ လူဦးရေ(၁၁၁၈)ဦးနှင့် လမ်းအသုံး ပြုသူ ပြည်သူများ၏ ဒေသထွက်ကုန်များသယ်ယူပို့ဆောင်ရာတွင် အချိန်နှင့်ကုန်ကျစရိတ် သက်သာသွားမည့်အပြင် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး ကဏ္ဍများ ပိုမိုဖွံ့ဖြိုး တိုးတက် လာတော့မည်ဖြစ်ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် ပြည်သူများလူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေး၊ မြိုပြနှင့် ကျေးလက်ကွာဟမှုမရှိစေရေး ဘဏ္ဍာနှစ်အလိုက်ကျေးလက်လမ်းတံတားများ တည်ဆောက်ခြင်း ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)