အင်းစိန်မြို့နယ်၌ Stay at Home ကာလအတွင်း နေအိမ်ပြင်ပသို့ ပြည်သူများ မလိုလားအပ်ဘဲ သွားလာခြင်း မရှိစေရေးအတွက် အဖွဲ့စုံဖြင့် စစ်ဆေး

ရန်ကုန်          အောက်တိုဘာ                   ၆

ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊အင်းစိန်မြို့နယ်၌ Stay at Home ကာလအတွင်း နေအိမ်ပြင်ပသို့ ပြည်သူများ မလိုလားအပ်ဘဲ သွားလာခြင်း မရှိစေရေးအတွက် အဖွဲ့စုံဖြင့် စစ်ဆေး ခြင်းကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်က (၁၄)လမ်းဆုံအနီး ရွှေပြည်သာတံတားအဆင်းတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ တာဝန်ရှိသူများ ပူးပေါင်း ပြီး စစ်ဆေးခြင်း ဆောင်ရွက်ခဲ့သည်။

အင်းစိန်မြို့နယ်အတွင်း ဖြတ်ကျော်သွားလာနေကြသော မော်တော်ယာဉ်များ၊ဆိုင်ကယ်များ၊ စက်ဘီးများကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ပြီး Stay at Home စည်းကမ်းများနှင့်အညီ ထောက်ခံ ချက်မပါ၊အကြောင်းပြချက်မခိုင်လုံသော လမ်းပေါ်ထွက်လာသူများအား လာရာအရပ်သို့ ပြန်လှည့် ခိုင်းခြင်း ၊ပြည်သူများ မိသားစု ကျန်းမာရေးနှင့်စားသောက်ရေး ဈေးဝယ် ခြင်းကိစ္စများမှ လွှဲ၍ မလိုလား အပ်ဘဲ သွားလာမှုများ မရှိစေရန်စသည်တို့ကို အသိပညာပေး စစ်ဆေးရာ အင်းစိန်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦး၊တိုင်းဒေသကြီး b(၂)လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်၊မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ထုတ်ပြန်ထား သည့် Stay at Home အမိန့်ညွှန်ကြားချက်များအား လိုက်နာစေရေးအတွက် ပူးပေါင်း၍ စစ်ဆေး ဆောင်ရွက်ခဲ့သည်။

အင်းစိန်မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)