ကျောက်ဆည်မြို့နယ်တွင် လေပြင်းတိုက်ခတ်ပြီး မိုးရွာသွန်းမှုကြောင့် လူနေအိမ်(၄)လုံး၊ အဆောက်အဦး(၁)လုံး စာသင်ကျောင်းမုဒ်ဦး အမိုးလန်ပျက်စီးပြီး ဓာတ်တိုင်(၂)တိုင်နှင့် အုတ်တံတိုင်း ပြိုလဲ

ကျောက်ဆည် မေ ၁၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် မေ(၁၅)ရက် နံနက်(၃)နာရီ အချိန်ခန့်က လေပြင်းတိုက်ခတ်ပြီး မိုးရွာသွန်းမှုကြောင့် လူနေအိမ်(၄)လုံး၊ အဆောက်အဦး(၁)လုံး၊ စာသင်ကျောင်း မုဒ်ဦး အမိုးလန်ပျက်စီးကာ ဓာတ်တိုင်(၂)တိုင်နှင့် အုတ်တံတိုင်း ပြိုလဲပျက်စီးခဲ့ကြောင်း သိရသည်။

လေပြင်းတိုက်ခတ်ပြီး မိုးရွာသွန်းမှုကြောင့် ဘောဂဝတီကွက်တွင်၊ လူနေအိမ်(၁)လုံး၊ ပေါက်တောရပ်ကွက်တွင် လူနေအိမ်(၁)လုံး၊ ပုထိုးနီကျေးရွာတွင် လူနေအိမ်(၁)လုံး၊ မင်းစု ကျေးရွာတွင် လူနေအိမ်(၁)လုံး၊ အင်ဒိုင်းကျေးရွာအုပ်စု၊ ရွှေလေးကျေးရွာ ဇော်ဂျီဂေါက်ကလပ် လေ့ကျင့်ကွင်းတွင် အဆောက်အဦး(၁)လုံး အမိုးလန်ပျက်စီးခဲ့ပြီး ပုထိုးနီ ကျေးရွာတွင် ဓာတ်တိုင်(၁)တိုင်၊ လက်ပန်ဇင်ကျေးရွာတွင် ဓာတ်တိုင်(၁)တိုင်၊ ဆူးကုန်းအုပ်စု၊ အောက်ချိုင်ရပ်ကွက် မြန်မာ့စီပွားဘဏ်တွင် ကာရံထားသော အုတ်တံတိုင်း ပြိုလဲ ခဲ့ပြီး စုစုပေါင်း ခန့်မှန်းဆုံးရှုံးမှု တန်ဖိုး(၄၆၆၀၀၀)ကျပ် ဖြစ်ကြောင်း လူနှင့်တိရိစ္ဆာန် ထိခိုက်ဆုံးရှုံးမှုမရှိကြောင်း သိရသည်။

အမိုးလန်ပျက်စီးခဲ့သော လူနေအိမ်အဆောက်အဦးများရှိရာ နေရာများသို့ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် လူမှုကူညီရေးအသင်းဝင်များက ကူညီကယ်ဆယ်ရေး လုပ်ငန်းများနှင့် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သက်မောင်(ပြန်/ဆက်)