သံတွဲမြို့နယ်အတွင်း “မိုခါ”မုန်တိုင်းတိုက်ခတ်မှုကြောင့် လဲကျ၊ကျိုးပဲ့နေသောသစ်ပင်များအား ခုတ်ထွင်ရှင်းလင်းရေးဆောင်ရွက်

သံတွဲ  မေ ၁၅

သံတွဲမြို့နယ်အတွင်း “မိုခါ”မုန်တိုင်းတိုက်ခတ်မှုကြောင့် လဲကျ၊ကျိုးပဲ့နေသောသစ်ပင်များအား ခုတ်ထွင်ရှင်းလင်းရေးဆောင်ရွက်မှုများကို ယမန်နေ့ ညနေမှစ၍ သံတွဲမြို့ နယ်မီးသတ်တပ်ဖွဲ့နှင့် လူမှုရေးအသင်းအဖွဲ့များပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ငပလီမြို့၊ ဇီးဖြူကုန်းရပ်ကွက်၊ သံတွဲမြို့ အမှတ်(၈)ရပ်ကွက် မင်းဘာကြီးလမ်း၊ ငပလီမြို့ လင်းသာရပ်ကွက်နှင့် အမှတ်(၄)ရပ်ကွက် ဗိုလ်ကုန်းတို့တွင် လဲကျနေသော သစ်ပင်များ၊ လဲကျပြီးအိမ်များကိုပိနေသော အုန်းပင်၊သစ်ပင်များကို မြို့နယ်ဦးစီးမှူး ဦးနေလင်းကျော် ဦးဆောင်သော တပ်ဖွဲ့ဝင် ၁၅ ဦး၊ အရန်တပ်ဖွဲ့ဝင် ၅ ဦးစုစုပေါင်း ၂၀ ဦးတို့သည် လူမှုရေးအသင်းအဖွဲ့များနှင့်ပူးပေါင်းဆောင် ရွက်လျက်ရှိပြီး ယနေ့နံနက် ၇နာရီမှစတင်၍ ကယ်ဆယ်ရှင်းလင်းရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း မြို့နယ်ဦးစီးမှူး ဦးနေလင်း ကျော် ထံမှသိရသည်။

ခရိုင်ပြန်/ဆက်