ဥတ္တရသီရိ မေ ၁၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ ယမန်နေ့ညအချိန်က မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် မြို့နယ်တရားရုံး ခြံဝန်းအတွင်းရှိ ပန်းတောက်ပင် ကျိုးကျ၍ လမ်းပိတ်ဆို့မှုအား တာဝန်ရှိသူများက အချိန်နှင့်တစ်ပြေးညီ ရှင်းလင်း ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ဥတ္တရသီရိမြို့နယ်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိုးသက်နောင် ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့များ၊ မြို့နယ်လျှပ်စစ်ဌာနမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက အချိန်နှင့်တစ်ပြေးညီ သွားရောက်ဖယ်ရှား ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း(ပြန်/ဆက်)