စဉ့်ကိုင် မေ ၁၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ မေလ(၁၄)ရက် ည(၉)နာရီခွဲ အချိန်တွင် မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် နေအိမ်တစ်လုံးပြိုကျ အချို့ အမိုးလန်၊ သစ်ပင်သစ်ကိုင်းများ ကျိုးကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် တောမကျေးရွာတွင် နေအိမ်(၃)လုံးအမိုးလန်၊ ဘဏ္ဍာကျေးရွာတွင် ဆိုင်ကယ်ပြင်ဆိုင်နှင့် တွဲလျှက်နေအိမ်တစ်လုံးသစ်ပင်ပိပြိုကျ၊ မြောင်းဆုံကြီးကျေးရွာတွင် နေအိမ်(၂)လုံးအမိုးလန်၊ ဒေါင့်ကြီးကွေ့ကျေးရွာအုပ်စုတွင် နေအိမ်(၄)လုံး အမိုးလန်၊ ၀န်းသိုကျေးရွာတွင်နေအိမ်(၁)လုံး အမိုးလန် ပျက်ဆီးဆုံးရှုံးခဲ့ ပြီး သစ်ပင်သစ်ကိုင်းများကျိုးကျနေမှုအား မြို့နယ်မီးသတ်တပ်ဖွဲ့၀င်များ၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့၀န်ထမ်းများနှင့် ရပ်ကွက်၊ကျေးရွာပြည်သူများ၊ ပရဟိတအဖွဲ့၀င်များက သစ်ပင်သစ်ကိုင်များ ဖယ်ရှားရှင်းလင်းခြင်းများ ကူညီဆောင်ရွက်ခဲ့ရာ အဆိုပါဖြစ်ပွားမှုကြောင့် လူနှင့်တိရစ္ဆာန်များထိခိုက်မှုမရှိကြောင်း သိရသည်။
၀င်း၀င်းသန်း(စဉ့်ကိုင်)