စမ်းချောင်း မေ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်အတွင်း ယမန်နေ့ မွန်းလွဲ (၁)နာရီခွဲအချိန်က မိုးရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် စမ်းချောင်းမြို့နယ်၊ ကျွန်းတောမြောက်ရပ်ကွက်၊ ဗဟိုလမ်း၊ မြသီတာလမ်းထိပ်ရှိ သစ်ပင်သည် အမြစ်ကြွပြီးအိမ်ပေါ်သို့ လဲကျမှုဖြစ်ပွားကြောင်း သိရသဖြင့် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ရုံးမှဝန်ထမ်းများနှင့် ပရဟိတအဖွဲ့တို့ သွားရောက်၍ ခုတ်ထွင်ရှင်းလင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ သစ်ပင်အမြစ်ကြွပြီး အိမ်ပေါ်သို့ လဲကျရာနေရာသို့ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှဝန်ထမ်းများ၊ မြို့နယ်ပန်းဥယျာဉ်ဝန်ထမ်းများ၊ မြို့နယ်သန့်ရှင်းရေး လုပ်သားများ၊ ရွှေစမ်းချောင်းပရဟိတအဖွဲ့တို့ ပူးပေါင်း၍ အချိန်နှင့်တစ်ပြေးညီ ဖယ်ရှားရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ကြပြီး၊ လူနှင့်ပစ္စည်း အဆောက်အဦများ ထိခိုက်မှု မရှိကြောင်း သိရသည်။
နီလာစိုး (ပြန်/ ဆက်)