မိတ္ထီလာ မေ ၁၅
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ၂၀၂၃-၂၀၂၄ပညာသင်နှစ်အတွက် “ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့” ဆောင်ပုဒ်ပါ ကျောင်းအပ်နှံရေး သီတင်းပတ် ဆိုင်းဘုတ်တင် အခမ်းအနားကို ယနေ့နံနက်က မိတ္ထီလာ-ကျောက်ပန်းတောင်း သွားကားလမ်းဘေး အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းအနီးတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ကျောင်းအပ်နှံရေး သီတင်းပတ်ဆိုင်းဘုတ်တင်ပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေးနှင့် အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူး ဒေါ်ခင်စန်းဦး၊ မြို့နယ်ပညာရေးမှူး ဦးဝင်းလှိုင်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ပညာရေး ဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် “ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့” ဆောင်ပုဒ်ပါ ကျောင်းအပ်နှံရေး သီတင်းပတ်ဆိုင်းဘုတ်ကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေးနှင့် အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူး ဒေါ်ခင်စန်းဦး၊ မြို့နယ်ပညာရေးမှူး ဦးဝင်းလှိုင်တို့က စိုက်ထူးခဲ့ကြီးပြီး ၎င်းဆိုင်းဘုတ်ကို အမွှေးနံ့သာ များဖြင့် ပက်ဖြန်းခဲ့ကြကြောင်း သိရသည်။
မိတ္ထီလာမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ၂၀၂၃ခုနှစ် မေလ ၂၃ ရက်နေ့မှ ၃၁ ရက်နေ့အထိ သတ်မှတ်ထားကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)