ဒဂုံ မေ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်၊ ဘုရားကြီးရပ်ကွက်၊ ရွှေတိဂုံဘု ရားလမ်း(မော်ကွန်းတိုက်လမ်းထိပ်အနီး)၊ ယခင်စစ်ရုံးချုပ်အတွင်းတွင် ယနေ့နေ့လည် ၁၂း၅၀ နာရီခန့်ရှိ လုံးပတ် ၂.၅'၊ အရှည် ၃၅' ခန့်ရှိ ထန်းပင်အခြောက်သည် လမ်းပေါ်သို့ပြိုလဲကျမှု ဖြစ်ပွားခဲ့သည်။
ထိုသို့လဲကျခဲ့ရာ လမ်းမီးကြိုး/ ဆက်သွယ်ရေးကြိုးများပေါ်တွင် သစ်ကိုင်းများတင်နေ လျက်ရှိသည်။ သစ်ပင်အခြောက်ပြိုလဲမှုကြောင့် ယာဉ်/ လူထိခိုက်မှုမရှိကြောင်း၊ လမ်းပိတ်ဆို့မှုမရှိကြောင်းနှင့် လျှပ်စစ်ဝန်ထမ်းများ၊ မြို့နယ်ရုံးဝန်ထမ်းများဖြင့် ခုတ်ထွင်ရှင်းလင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထို့အပြင် ဒဂုံမြို့နယ် အမှတ် ၈၂ ခရေပင်လမ်း၊ ပြည်အနောက်ရပ်ကွက်တွင်လည်း ပိန္နဲပင်လုံးပတ် ၃ ပေခွဲ အရှည် ပေ ၄၀ ခန့် သည် ယနေ့ညနေ ၆နာရီခန့်က ကျိုးကျခဲ့ရာ မီးသတ်အဖွဲ့များနှင့် စည်ပင်အဖွဲ့များ ပူးပေါင်း၍ ရှင်းလင်း ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
ကြည်ဇေသော် (ပြန်/ ဆက်)