တိုက်ကြီး အောက်တိုဘာ ၆
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်အတွင်း ဖွင့်လှစ်ထားသော ကိုဗစ်-၁၉ စောင့်ကြည့်ရေးစင်တာများသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က တိုင်းဒေသကြီးအမှတ်(၁) လွှတ်တော်ကိုယ်စားလှယ်နှင့်အဖွဲ့တို့ သွားရောက်လှူဒါန်းခဲ့သည်။
တိုင်းဒေသကြီး အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးတင်ရှိန်၊ မြို့နယ်စည်ပင်သာ ယာရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်အိအိခိုင်တို့ ပါဝင်သော အဖွဲ့သည် တိုက်ကြီးမြို့နယ်အတွင်းရှိ သရက်ချောင်းကျေးရွာ၊ လောက်လေးချောင်းကျေးရွာ၊ မင်္ဂလာရပ်ကွက် လူသန့်အင်း ကျေးရွာတို့ရှိ ကိုဗစ်-၁၉ စောင့်ကြည့်ရေး စင်တာနှင့် ကျန်းမာရေးစစ်ဆေးရေးဂိတ်တို့တွင် ပါးစပ်/နှာခေါင်းစည်း(Mask)များ၊ လက်သန့်ဆေးရည် ဘူးများ၊ ရေသန့်များ၊ ကြက်ဥနှင့် မုန့်များအား တာဝန်ရှိသူများထံသို့ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
စန်းကလျာခိုင်(ပြန်/ဆက်)