မိုင်းလုံ အောက်တိုဘာ ၆
မြန်မာနိုင်ငံအတွင်း လတ်တလောကာလတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားသူ များပြားလာသောကြောင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကြိုတင် ကာကွယ် နိုင်ရန် အတွက် စက်တင်ဘာလ(၂၁)ရက်နေ့ကစတင်၍ ကျန်းမာရေး စစ်ဆေးရေးဂိတ်ကို နမ့်ပိန်ရပ်ကွက် ဦးအာသားဖာ၏အိမ်ရှေ့ ကျောက်မဲ-မိုင်းလုံ-မိုးကုတ်လမ်းမကြီး တွင် ဆောင်ရွက်ထားရှိသည်။
မိုင်းလုံမြို့အဝင်တွင် ကျန်းမာရေး စစ်ဆေးရေးဂိတ်ကို ထားရှိပြီး မြို့တွင်းသို့ ဝင်ရောက် လာမည့် ခရီးသည်များအားလုံးကို ကျန်းမာရေးစစ်ဆေးခြင်း၊ ခရီးသွားရာဇဝင်များကို ရေးမှတ်ခြင်း၊ ထွက်ခွာလာသည့် ဒေသမှ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး ထောက်ခံချက်ပါ/မပါ စစ်ဆေးခြင်း၊ Mask များစနစ်တကျ တပ်ဆင်ပြီးမှ ဝင်စေခြင်း၊ လက်များ ကိုစနစ်တကျ ဆေးစေခြင်းစသည့် ကျန်းမာရေးစစ်ဆေးမှု လုပ်ငန်းများကို ဆောင်ရွက်ပြီး ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများသည့် ဒေသနှင့် ပြည်ပနိုင်ငံမှ ပြန်လာသူများကို Facility Quarantine တွင် ထားရှိသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျန်းမာရေးစစ်ဆေးရေးဂိတ်ကို မနက် (၈)နာရီမှ ညနေ(၅)နာရီထိ ဖွင့်လှစ်ပြီး ကျန်းမာရေး၀န်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းအဖွဲ့များက အလှည့်ကျစနစ်ဖြင့် နေ့စဉ် ပါဝင်ကူညီ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
ဇော်ဇော်(ပြန်/ဆက်)