ကြည့်မြင်တိုင်မြို့နယ်၌ လေပြင်းတိုက်ခိုက်မှု​ကြောင့် သစ်ပင်သစ်ကိုင်းများနှင့်ဓာတ်တိုင်များ ကျိုးကျေနေမှုအား လမ်းပိတ်ဆို့မှုမရှိစေရေး ရှင်းလင်းဆောင်ရွက်

 ကြည့်မြင်တိုင်     မေ    ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၌ ယနေ့နံနက်ပိုင်းအချိန်က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်သစ်ကိုင်းများနှင့် ဓာတ်တိုင်များကျိုးကျခြင်းများဖြစ်ပေါ်သဖြင့် လမ်းပိတ်ဆို့မှုမရှိစေရေး တာဝန်ရှိသူများကအချိန်နှင့်တစ်ပြေးညီ ရှင်းလင်းဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကြည့်မြင်တိုင်မြို့နယ်အတွင်းရှိ တော်ဝင်လမ်း၊ ပန်းလှိုင်လမ်း၊ ကရင်အမျိုးသားရပ်ကွက် အောက်ကြည့်မြင်တိုင်လမ်းမ​၊ ကမ်းနားလမ်းရှိ ဟုန်းလမ်းမှတ်တိုင်၊ စျေးကြီးအ​နောက်ရပ်ကွက်၊ စျေးကြီးလမ်းနှင့် ဗိုလ်သူရလမ်း​ထောင်တို့ရှိ သစ်ပင်သစ်ကိုင်းများ ကျိုးကျ​နေခြင်း၊ အောက်ကြည့်မြင်တိုင်လမ်းမနှင့် ဦးလူနီလမ်း​ထောင့်ရှိ ဓါတ်တိုင်များကျိုးကျခြင်း၊ ကမ်းနားလမ်းနှင့်ပန်းလှိုင်လမ်း​​ထောင့်တွင် ဓါတ်တိုင်များကျိုးကျနေခြင်းများကို မြို့နယ်မီးသတ်ဦးစီးမှူးဦးကိုကိုလတ်ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးဦးကျော်စိုးမိုးဦး​ဆောင်သော စည်ပင်ပန်းဥယျာဉ်အဖွဲ့နှင့် မြို့နယ်လျှပ်စစ်ဌာနမှ တာဝန်ရှိသူတို့ကအချိန်နှင့် တစ်ပြေးညီသွားရောက် ဖယ်ရှားရှင်းလင်းခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခိုင်ဇာလင်း(ပြန်/ဆက်)