ဂွ မေ ၁၄
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် မုန်တိုင်းဘေးခိုလှုံနေစဥ်ကာလအတွင်း ပြည်သူများ စားသောက်ရေးအဆင်ပြေစေရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ယနေ့နံနက်ပိုင်းတွင် မုန်တိုင်းဘေးခိုလှုံရာ စုရပ်များသို့ ထမင်းထုပ်များ သွားရောက်ဝေငှခဲ့သည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဇာနည်ကျော်ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိတို့ကမုန်တိုင်းဘေး ခိုလှုံနေစဥ်ကာလအတွင်း ပြည်သူများစားသောက်ရေးအဆင်ပြေစေရန်အတွက် ဓမ္မမာလာဘုန်းတော်ကြီးကျောင်း၊ ဇေယျမင်္ဂလာသိဒ္ဓိကျောင်း၊ အ.လ.ကအလယ်ရွာ၊ မြို့ဦးတောင်ပေါ်ကျောင်း၊ အ.ထ.က(ဂွ)၊ ရွာမရပ်ကွက် ညောင်ဝိုင်းဘုန်းတော်ကြီးကျောင်း၊ မကျေးငူမင်္ဂလာရာမကျောင်းတို့ရှိ မုန်တိုင်းဘေးရှောင်ပြည်သူများအတွက် ထမင်းထုပ်(၇၀၀)အား ဝေငှခဲ့ကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်