ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် သစ်ပင်သစ်ကိုင်းများ ကျိုးကျလမ်းပိတ်ဆို့မှုမရှိစေရေး ဖယ်ရှားရှင်းလင်း ဆောင်ရွက်

ဒဂုံမြောက် မေ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ယနေ့နံနက် ၂ နာရီခွဲခန့်က မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်သစ်ကိုင်းများ ကျိုးကျခြင်း များဖြစ်ပေါ်သဖြင့် လမ်းပိတ်ဆို့မှုရှိစေရေး တာဝန်ရှိသူများ အချိန်နှင့်တစ်‌ပြေးညီ ရှင်းလင်းဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် (၄၀)ရပ်ကွက်အတွင်း သစ်ပင်ကျိုးကျခြင်း၊ (၃၉)ရပ်ကွက်၊ သစ္စာ(၉)လမ်းနှင့် သစ္စာလမ်းထောင့်ဘပိတောက်ပင်လဲကျ၍ အိမ်ခြံစည်ရိုးပိနေခြင်း၊  (၄၆)ရပ်ကွက်၊ မိုးမခ(၅)လမ်း‌ပေါ်သို့ ဗန်ဒါပင်လဲကျခြင်း၊ သုခမိန်လမ်း၊ သုခလမ်းနှင့်မန္တလေးလမ်းကြား ပိတောက်ပင်လဲကျခြင်းများကို မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးတင်ကိုကိုနိုင်ဦးဆောင်သော စည်ပင်ပန်းဥယျာဉ်အဖွဲ့၊မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်လျှပ်စစ်ဌာနမှဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများမှ  အချိန်နှင့်တစ်ပြေးညီ သွားရောက်ဖယ်ရှားရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်းနှင့် လူနေအိမ်ပျက်စီးဆုံးရှုံးမှုမရှိကြောင်းနှင့် လူနှင့်တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း သတင်းရရှိသည်။

မြင့်မြင့်ရီ