မင်္ဂလာဒုံ မေ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်ခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် ယနေ့နံနက် ၆ နာရီက မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်တိုက်ခတ်ခြင်းကြောင့်ခရေပင်လမ်းဆုံ၊ ခရေပင်လမ်းပေါ်သို့ ညောင်ပင်လဲကျခြင်းနှင့်လမ်းမီးဓါတ်တိုင်များကျိုးကျ၍ လမ်းပိတ်ဆို့မှုများအား မြို့နယ်အတွင်း တာဝန်ရှိသူများကဦးဆောင်၍ ရှင်းလင်းဆောင်ရွက်လျက်ရှိသည်။
ထို့သို့ဆောင်ရွက်လျက်ရှိရာ ခရေပင်လမ်းမပေါ်သို့ ညောင်ပင်လုံးပတ်(၁၅)ပေ၊ အမြင့်(၇၀)ခန့်ရှိသည့် ညောင်ပင်နှင့် လမ်းမီးဓါတ်တိုင်(၄)တိုင်လဲကျ၍ လမ်းပိတ်ဆို့မှုများကို မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးဦးသန်းဦးနှင့်ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူးဦးမြင့်ခိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်လျှပ်စစ်ရုံးမှဝန်ထမ်းများက အချိန်နှင့်တစ်ပြေးညီ ဖယ်ရှားရှင်းလင်းခြင်းများ ဆောင်ရွက်ပေးကြောင်း သိရသည်။
မြတ်သူဇာ (မင်္ဂလာဒုံ)