ဒဂုံ မေ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်၊ ယောမင်းကြီးရပ်ကွက်၊ ဦးဝိစာရလမ်းတွင် ယနေ့နံနက် ၀၅း၃၀ နာရီက လေပြင်းတိုက်ခတ်မှုကြောင့် လုံးပတ်၊ အရှည်(၃'၊ ၄၀')ခန့်ရှိ စိန်ပန်းပင်သည် လမ်းပေါ်သို့ပြိုလဲကျခဲ့သည်။ သစ်ပင်ပြိုလဲကျမှုကြောင့်ယာဥ်/လူထိခိုက်မှုမရှိဘဲ၊ လျှပ်စစ်ကြိုးနှင့် ဆက်သွယ်ရေးကြိုးများ ပြတ်တောက်ခဲ့ပြီး လမ်းတစ်ခြမ်း ခေတ္တပိတ်ဆို့ ရှင်းလင်းခဲ့ကြကြောင်း သိရသည်။
ထို့အပြင် ဒဂုံမြို့နယ်၊ ဦးဝိစာရရပ်ကွက်၊ မြို့မကျောင်းလမ်း၊ မိုင်ဒါကွင်းရှေ့ရှိ (၁')ခန့်အရှည်(၁၅') ခန့်ရှိသော ပျဥ်းမပင်၏သစ်ကိုင်းတစ်ကိုင်းကျိုးကျခဲ့ပြီး ဒဂုံမြို့နယ်၊ ပြည်အရှေ့ရပ်ကွက်၊ ပြည်လမ်း၊ ပြည်သူ့ရင်ပြင်တွင်လည်း ယနေ့နံနက် ၇း၀၀ နာရီခန့်က Stage စင်ပြိုလဲကျမှုဖြစ်ပွားခဲ့သည်။ သစ်ကိုင်းကျိုးကျမှုကြောင့် ယာဥ်/ လူထိခိုက်မှုများ လမ်းပိတ်ဆို့မှုများ မရှိခဲ့ကြောင်းသိရသည်။ ထိုကဲ့သို့ ပျက်စီးမှုများအား သန့်ရှင်းရေးဝန်ထမ်းများ၊ မြို့နယ်ရုံးဝန်ထမ်းများ၊ ပန်းဥယျာဥ်ဝန်ထမ်းများဖြင့် ခုတ်ထွင်ရှင်းလင်း သယ်ယူဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
ကြည်ဇေသော်