မင်းပြား မေ ၁၄
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့၌ မုန်တိုင်းအန္တရာယ်အကြောင်းပြုပြီး အခြေခံစားသောက်ကုန်ဈေးနှုန်းများ တိုးမြှင့်ရောင်းချမှုမရှိစေရေးအတွက် မြို့နယ်အခြေခံစားသောက်ကုန်ဈေးနှုန်းထိန်းသိမ်းရေးကော်မတီမှ ယမန်နေ့ညနေက မြို့မဈေးကြီးအတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ထိုသို့စစ်ဆေးရာတွင် မုန်တိုင်းအန္တရာယ်အကြောင်းပြု၍ ဈေးနှုန်းများတိုးမြှင့် ရောင်းချမှုမရှိစေရေး၊ မသန့်ရှင်းသော ကုန်ပစ္စည်းများရောနှောရောင်းချမှုမရှိစေရေး၊ သက်တမ်းလွန်နေသောစားသောက်ကုန်၊ ဆေးဝါးများ ရောင်းချမှုမရှိစေရေးနှင့် ဈေးကွက်ချုပ်ကိုင်ဆောင်ရွက်မှုမရှိစေရေးတို့ကို စစ်ဆေးခဲ့ကြပြီး လိုက်နာဆောင်ရွက်မှုမရှိပါက ဥပဒေနှင့်အညီအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကွင်းဆင်းအသိပေးခဲ့ကြသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရာသို့ မင်းပြားမြို့နယ်စီမံခန့်ခွဲမှုအဖွဲ့ဝင်ဦးသခင်ချို၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမောင်သန်းဝင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အခွန်ဦးစီးဌာ တို့ပူးပေါင်း၍ မုန်တိုင်းအန္တရာယ်အကြောင်းပြုကာ အခြေခံစားသောက်ကုန်ဈေးနှုန်းများ တိုးမြှင့်ရောင်းချခြင်းမရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)