ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကာကွယ်ရန် ရှာဖွေကယ်ဆယ်‌ရေးလုပ်ငန်းများ ဆောင်ရွက်

ဒဂုံတောင် မေ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရန်အတွက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်သော  တာဝန်ရှိသူများက   အချိန်နှင့်တစ်‌ပြေးညီ  ကွင်းဆင်းကြည့်ရှုဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းက လေပြင်းတိုက်ခတ်ခြင်းကြောင့် ၆၄ ရပ်ကွက် မြို့နယ်ပန်းခြံရှေ့ပြည်ထောင်စုလမ်းမကြီး‌ပေါ်တွင် လုံးပတ် ၃ ပေခွဲ အရှည် ၂၅ ပေခန့်ရှိ ကုက္ကိုပင်လဲကျခြင်း ၊၂၅ ရပ်ကွက်  နေအိမ်နောက်‌ဖက်အဖီ‌ပေါ်သို့လဲကျနေသော လုံးပတ် ၂ ပေခွဲ အရှည်ပေ ၃၀ ရှိ ဗန်ဒါပင်တို့ကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးမြင့်သူဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များ မြို့နယ်စည်ပင်ပန်းဥယျာဉ်ဌာနတို့မှ အချိန်နှင့်တစ်ပြေးညီ သွားရောက်ဖယ်ရှားရှင်းလင်းပေးပြီး သစ်ကိုင်းကျိုးကျခြင်းကြောင့် ဆက်သွယ်ရေးတိုင် ၄ တိုင် ကျိုးကျခြင်းကို မြန်မာ့ဆက်သွယ်ရေးတာဝန်ရှိသူများက အချိန်နှင့်တစ်ပြေးညီ ဖယ်ရှားရှင်းလင်းခြင်းများ ဆောင်ရွက်ကြောင်းနှင့် လူနေအိမ် ပျက်စီးဆုံးရှုံးမှုနှင့် လူနှင့်တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း သတင်းရရှိသည်။

သန်းသန်းအေး