တွံတေး မေ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် ယနေ့နေလည်၁နာရီခွဲအချိန်က မိုးသက်လေပြင်းများတိုက်ခတ်မှုကြောင့် ရွှေဆံတော်ရပ်ကွက်၊ကျုံးကြီး ဗောဓိကျောင်းတိုက်အတွင်းရှိ တရားထိုင်သော တစ်ပါးကျောင်းပေါ်သစ်ပင်လဲကျမှုများဖြစ်ပွား၍ အချိန်နှင့်တပြေးညီ ရှင်းလင်းဆောင်ရွက်ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှဦးစီးမှူးနှင့်အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များက တစ်ပါးထိုင်(တရားထိုင်)ဝါးကျောင်း ဆရာတော်ဦးကေလာသ အသက်(၉၈)နှစ်(တောထွတ်)သတင်းသုံးရာတရားထိုင်သော ကျောင်းပေါ်ပိနေသောသစ်ပင်၊ သစ်ကိုင်းများ ကျိုးကျပြိုလဲ၍ လမ်းပိတ်ဆို့မှုများမရှိစေရေး၊ ထိခိုက်မှုများမရှိစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်ငြိမ်းအောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပရဟိတအသင်းများနှင့် အတူပူးပေါင်း၍ အချိန်နှင့်တစ်ပြေးညီ ဖယ်ရှားရှင်းလင်းဆောင်ရွက်ပေးခဲ့သည်။
အဆိုပါသစ်ပင်လဲကျမှု၊ သစ်ကိုင်းကျိုးမှုကြောင့် လူ၊ တိရစ္ဆာန်ထိခိုက်မှုမရှိသောလည်း ကျောင်းအဆောက်အဦ ထိခိုက်ပျက်စီးဆုံးရှုံးမှုရှိကြောင်း သတင်းရရှိသည်။
တွံတေးသား