မိုခါ မုန်တိုင်းအရှိန်ကြောင့် သန်လျင်မြို့နယ်အတွင်း သစ်ပင်ပြိုလဲမှုများရှိ

သန်လျင် မေ ၁၄

လတ်တလောဖြစ်ပေါ်နေသော ''မိုခါ''မုန်တိုင်း၏အရှိန်ကြောင့် သန်လျင်ခရိုင် သန်လျင်မြို့နယ်အတွင်း ရပ်ကွက်ကျေးရွာအချို့တွင် သစ်ကိုင်းများကျိုးကျခြင်း၊ နေအိမ်နှင့်ဈေးဆိုင်များပေါ်သို့ ကျရောက်ခြင်းများရှိသည့်အတွက် ယနေ့နံနက် ၆ နာရီမှစ၍ မြို့နယ်သဘာဝဘေးကာကွယ်ရေးကော်မတီက ဦးဆောင်၍ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့၊ လူမှုပရဟိတအသင်းအဖွဲ့များပူးပေါင်း၍ ရှင်းလင်းဆောင်ရွက်လျက်ရှိသည်။

မုန်တိုင်း၏အရှိန်ကြောင့် သဘာဝအန္တရာယ်များကျရောက်ခဲ့ပါက ကူညီရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးနိုင်ရန်စုဖွဲ့ထားရှိကြောင်း သိရသည်။

ယနေ့နံနက်က မုန်တိုင်းအရှိန်ကြောင့် သစ်ပင်၊ သစ်ကိုင်းများလဲပြိုခဲ့သော်လည်း လူနှင့်တိရိစ္ဆာန်များ ထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)