ပုဏ္ဏားကျွန်း မေ ၁၃
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သည့် စားနပ်ရိက္ခာများကို မုန်တိုင်းခိုလှုံရာ နေရာများရှိ ပြည်သူများအား ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္က ဦးမောင်စံဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့်လူမှုရေးအသင်းအဖွဲ့တို့က သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ထိုသို့ထောက်ပံ့ပေးရာတွင် မုန်တိုင်းအန္တရာယ်ကျရောက်နိုင်သည့် ဒေသအသီးသီးတို့မှ ခေတ္တခိုလှုံရန်ရောက်ရှိနေသည့် ပုဏ္ဏားကျွန်းမြို့နယ် ကွန်းတောင်ကျေးရွာ ဘုန်းကြီးကျောင်း၊ ဓမ္မမဏ္ဍိုင်ဘုန်းတော်ကြီးကျောင်းတိုက်၊ ပညာပါရမီပရိယတ္တိစာသင်တိုက်၊ ဂူဝဘုရားဓမ္မာရုံ စသည့်နေရာများတွင် လူဦးရေ(၆၃၁)ဦးအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သည့် ဆန်(၂၄)အိတ်၊ ဆီ(၄၀)ပိသာ၊ ငပိ(၆)ပိသာ၊ ဆား(၁၂)ပိသာနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာနမှ လှူဒါန်းသော မာမီးခေါက်ဆွဲ အထုတ်(၃၀)ပါ ခေါက်ဆွဲခြောက်(၁၉)ဖာတို့အား ထောက်ပံ့ပေးအပ်ခဲ့ပြီး၊ မုန်တိုင်းအန္တရာယ်မှ ကင်းဝေးစေရေး ကြိုတင်ကာကွယ် နေထိုင်ရေး နည်းလမ်းများကို တာဝန်ရှိသူများက ရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။
နီထွန်းအောင်(ပြန်/ဆက်)