မြောက်ဦးမြို့၌ မုန်တိုင်းဘေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

မြောက်ဦး မေ ၁၃

ရခိုင်ပြည်နယ်၊မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှဝန်ထမ်းများ၊ ပူးပေါင်း၍ ယမန်နေ့နံနက် ၁၀ နာရီအချိန်က တောင်ရပ် ရပ်ကွက် မြိုမဈေး၌ လမ်းဘေးဝဲယာရှိ ဈေးရောင်း၊ဈေးဝယ် ပြည်သူများ၊ ခရီးသွားပြည်သူများကို မုန်တိုင်းဘေး အန္တရာယ်အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။

မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနမှ ထုတ်ပြန်ထားသည့် ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာနိုင်ကာ မုန်တိုင်းအဖြစ်သို့ ရောက်ရှိလာပြီ ဖြစ်တတ်အတွက် မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးဟောပြောကြပြီး မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနမှ ထုတ်ပြန်လျှက်ရှိသည့် သတင်း များအား ကြည့်ရှုနားဆင်ကြရန်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထုတ်ဝေသည့် မုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်ရန်အချက်များ၊ မုန်တိုင်းသတိပေးချက်ရလျှင်ဆောင်ရွက် ရန်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေစဉ်တွင် လိုက်နာရန်အချက်များ၊ ရှောင်ရှားသင့်သည့်အချက်များ၊ မုန်တိုင်း ပြီးဆုံးချိန်တွင် ဆောင်ရွက်ရမည့်အချက်များ စသည့် အကြောင်းအရာများ ပါရှိသည့် လက်ကမ်း စာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြင့်စိုး၊စိုးငြိမ်းနိုင်(ပြန်/ဆက်)