ညောင်ဦးမြို့နယ်၌ သဘာဝဘေးကြိုတင်ကာကွယ်နိုင်ရန်နှင့် တစ်ပြေးညီတုံ့ပြန်ဆောင်ရွက်နိုင်ရေး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံးပစ္စည်းများ အသင့်စုဖွဲ့ထားရှိမှုအားစစ်ဆေး

ညောင်ဦး မေ ၁၃   

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်၌ မီးသတ်ဦးစီးဌာနအနေဖြင့် သဘာဝဘေးအန္တရာယ်များ ပေါ်ပေါက်ပါက သဘာဝဘေးကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ် ရှာဖွေကယ်ဆယ်ရေးအတွက် လုပ်ငန်းသုံးပစ္စည်းများ အသင့်ကြိုတင်ပြင် ဆင်စုဖွဲ့ဆောင်ရွက် ထားရှိမှုအား ယမန်နေ့ ညနေ ၃ နာရီခွဲအချိန်က ညောင်ဦးခရိုင် မီးသတ်ဦးစီးဌာနသို့ တာဝန်ရှိ သူများကလာရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ အသင့်စုဖွဲ့ဆောင်ရွက်ရာတွင်  ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဒုတိယ ဗိုလ်မှူးကြီးမျိုးခိုင်ဝင်းနှင့်ခရိုင်စီမံအဖွဲ့ဝင်များ၊ ညောင်ဦးခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမြို့နိုင်၊ ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးနန်းတင့်နှင်မြို့နယ်စီမံအဖွဲ့ဝင်များ၊ ညောင်ဦးခရိုင်/ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များ၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတ အသင်းအဖွဲ့များ၊ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်တို့ဖြင့် စုပေါင်းဖွဲ့စည်းကာ သဘာဝဘေးကျရောက်ပါက ရှာဖွေကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်နိုင်ရေးအတွက် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းသုံးပစ္စည်းများ အသင့်ကြိုတင်ပြင်ဆင် စုဖွဲ့ထားရှိမှုများအား ကြည့်ရှုစစ်ဆေးပြီး ညောင်ဦးခရိုင် မီးသတ်ဦးစီးမှူး ဦးထက်အာင်နှင် မြို့နယ်မီးသတ် ဦးစီးမှူး ဦးကျော်မင်းသူတို့က ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ အသင့်စုဖွဲ့ထားမှုနှင့်အသုံးပြုသည့် ပစ္စည်းကိရိယာတို့အား အသေးစိတ်ရှင်းလင်းပြသခဲ့ကာ တာဝန်ရှိသူများက လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။

ဒီပါလင်း