မြောက်ဦးမြို့၌ ပြည်သူများသို့ မုန်တိုင်းအန္တရာယ်ဆိုင်ရာ ကြိုင်တင်ကာကွယ်နိုင်ရေး သတိပေးနှိုးဆော်

မြောက်ဦး  မေ ၁၃

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌  သတင်းနှင့်ပြန်ကြားရေးဆပ်ကော်မတီဥက္ကဋ္ဌ ခရိုင် ပညာရေးမှူး ဒေါ်ဦးအေးခင် ဦးဆောင်မှုဖြင့် ပြည်သူများထံသို့ မုန်တိုင်းဘေးအန္တရာယ်ဆိုင် ရာ ကြိုတင်ကာကွယ်နိုင်ရေးကြိုတင် သတိပေးနှိုးဆော်ခြင်းကို ယနေ့ နံနက် ၈ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များအတွင်း ကားဖြင့်လှည့်လည်၍ မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနမှ မုန်တိုင်းသတိပေးချက်များအား အသိပေးနှိုးဆော်ခဲ့ကြသည်။

ထို့သို့ဆောင်ရွက်ရာတွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ သတင်းထုတ် ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနှင့် ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာပြီး မုန်တိုင်းအဖြစ်သို့ ရောက်ရှိလာ ပြီဖြစ်သည့်အတွက် လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်း၊ မြေပြိုခြင်းများဖြစ် ပေါ်လာနိုင်သည့်အတွက် မိဘပြည်သူများ၊သက်ကြီးရွယ်အိုများ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေထိုင်ကြရန်၊ ဒီရေမြင့်တက်လာနိုင်သောကြောင့် အသက်အန္တရာယ်နှင့်ကြုံတွေ့လာပါက အသက်ကယ် အင်္ကျီများ ဝတ်ဆင်ထားကြရန် ၊မုန်တိုင်းအန္တရာယ်ကြိုတင်ရှောင်ရှားကြရန်တို့ကို နှိုးဆော်ခဲ့ကြသည်။

ဆက်လက်၍ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထုတ်ဝေသည့် မုန်းတိုင်းအတွက် ကြိုတင်ပြင်ဆင်ရန်အချက်များ၊ မုန်တိုင်းသတိပေးချက်ရလျှင် ဆောင်ရွက် ရန်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေစဉ်တွင် လိုက်နာရန်အချက် များ၊ရှောင်ရှား သင့်သည့်အချက် များ၊ မုန်တိုင်းပြီးဆုံးချိန်တွင် ဆောင်ရွက်ရမည့်အချက်များ စသည့် အကြောင်းအရာပါ လက်ကမ်းစာစောင်များကိုလည်း ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြင့်စိုး၊စိုးငြိမ်းနိုင်(ပြန်/ဆက်)